အကျိုးနှင့် အကြောင်းဟာ ဆက်စပ်လျှက် ရှိနေပါတယ်၊ ဒါကြောင့် အကျိုးအကြောင်းလို့ ဒွန်တွဲလျှက် စာဆို ရှိခဲ့တာပေါ့၊ ဒီပိုစ့်လေးကို ရေးရတဲ့ အကြောင်းကလည်း အကျိုးအမြတ် တခုကို ခံစားလိုက်ရ လို့ပါပဲ၊ အကျိုး ဆိုလို့ ….
.......
အကျိုးမှာ ကောင်းတာကော၊ ဆိုးတာကော ရှိပါတယ်၊ ကောင်းကျိုးနဲ့ ဆိုးကျိုးပေါ့၊ ကျနော်တို့ ခံစားလိုက် ရတာက ကောင်းကျိုး မဟုတ်ပဲ ဆိုးကျိုး ဖြစ်နေတော့ ခံလိုက်ရတာ မကောင်းပါဘူး …. ဒါနဲ့ ပတ်သက်လို့ ဝေမျှ ရရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်း သလို ပါပဲ၊ ဒါပေမယ့် ကောင်းကျိုးကို ရည်ရွယ်ပြီး ရေးလိုက်တာ ဖြစ်တာကြောင့် အဆိုးထဲမှ အကောင်းကို ပြန်လည် ရှာတွေ့နိုင်အောင် လို့ သဘောထား ကြပါရန် ကြိုတင် ပလ္လင် ခံပါရစေ ……
ဖြစ်ပုံက ဒီလိုပါ …. ကျနော်တို့ မြို့မှာ နှစ်စဉ် ကျင်းပနေကြတဲ့ ကရင် နှစ်သစ်ကူး ပွဲတော်ကို ဒီနှစ်မှာ အစဉ် အလာ အရ ကျင်းပဖို့၊ ကရင် အမျိုးသား များက စီစဉ် နေကြပါတယ်၊ ဒီလိုနဲ့ သင့်တော်တဲ့ နေရာတွေကို လိုက်ရှာရင်း အချိန်တွေ ကုန်သွားခဲ့ပါတယ်၊ တချို့နေရာက အရမ်း ဈေးကြီးတယ်၊ တချို့ နေရာက မအားလပ်ဘူး၊ ဒါနဲ့ ပြီးခဲ့တဲ့နှစ်က Lazy Club Tour 20009 ကျင်းပခဲ့တဲ့ Proctor High School ကို သွားရောက် ငှားရမ်း ခဲ့ကြပါတယ်၊ ဒီအကြောင်းကို အရင်က ဒီပိုစ့်မှာ ရေးခဲ့ပါတယ်၊ ဒီမှာတင်ပဲ ကျောင်းအုပ်ချုပ် သူများက Where are you guys from? လို့ မေးခဲ့ပါတယ်၊ We from Burma ပေါ့၊ ဒါနဲ့ သူတို့ရဲ့ ငြင်းဆန်ခြင်းကို ခံခဲ့ရပါတယ်၊ ဒါနဲ့ ကရင် အမျိုးသား လူကြီးများကလည်း မေးမြန်းတာပေါ့၊ ကျောင်းအုပ်ချုပ် သူတို့က အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ် “မင်းတို့တွေ ယခင် Show လုပ်တုန်းက”
- တံတွေးတွေ ထွေးခဲ့တယ် (ကွမ်းတံတွေး တွေပါ)၊
- စားပြီးသား အမှိုက်တွေနဲ့ ဘီယာဗူးခွံတွေ ကိုလည်း၊ အမှိုက်ပုံးထဲ မပစ်ခဲ့ဘူး၊ ကြမ်းခင်းပေါ်မှာ ပစ်ခဲ့တယ်၊
- ရုံထဲမှာ ဘီယာနဲ့ ဆေးလိပ်ကိုလည်း ခိုးသောက်ကြတယ်၊
- ပစ္စည်း တချို့လည်း ပျက်စီး ကုန်တယ်၊
- ရန်လည်း ဖြစ်ကြတယ်၊ ဒီတော့ We wouldn’t hire your guys for any more တဲ့ လုံးဝ …. လုံးဝ … မငှား တော့ပါဘူး …
ဒါနဲ့ ကိုယ့်လူများ ကလည်း မခေ ပါဘူး ….. အယူခံ ၀င်ကြတာပေါ့၊ ကျနော်တို့က Burma က လာတာပါ၊ ဒါပေ မယ့် ကျနော်တို့က ကရင် လူမျိုးတွေပါ၊ ကျနော်တို့ကို ငှားရင် ဒါမျိုး မဖြစ်စေရပါဘူး … စသဖြင့် အယူခံ ၀င်ခဲ့ကြ ပါတယ်၊ ဘယ်လိုပဲ ပြောပြော … သူတို့ ဘက်က လုံးဝ လက်မခံတော့ စိတ်ဆိုး မန်ဆိုးနဲ့သာ ပြန်လာခဲ့ ကြပါ တယ်၊ ဒီတခါတော့ ကရင်လူမျိုး များဟာလည်း Burma တွေပဲ ဆိုတာ အသိအမှတ်ပြု ခံလိုက်ခဲ့ရပါတယ်။
.........
ဒါနဲ့ ဒီနှစ် ကရင်နှစ်သစ်ကူး လုပ်ဖို့ အတွက် ကောလိပ် တခုကို သွားရောက် ငှားရမ်း ခဲ့တဲ့အခါမှ၊ ကံကောင်းစွာနဲ့ပဲ၊ အစဉ်ပြေခဲ့ပါတယ်၊ စိတ်တိုင်းကျ မဟုတ် ပေမယ့်လည်း၊ နေရာ မရှိ၊ အချိန် မရှိတော့တဲ့ နောက်တော့ ဒီနေရာမှာပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်၊ ၂၀၁၀ ခုနှစ် ကရင် နှစ်သစ်ကူးကို လာမည့် ဇန္န၀ါရီလ ၃၀ ရက်နေ့တွင် Mohawk Valley Community College က Gymnasium တွင် ကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်၊ ဒီနှစ် ကရင်နှစ်သစ်ကူး အကြောင်းကို ပိုစ့်လေး တခု တင်နိုင်အောင် ကြိုးစားပါ့မယ် …..
............................
ဒါနဲ့ ပြောပြခြင်တဲ့ အကြောင်း အရင်းက …. ကျနော်တို့ လူမျိုးတွေ စည်းကမ်း မရှိခဲ့တဲ့ အကျိုး ကြောင့်၊ Theater ကို ငှားလို့ မရတော့တဲ့ အကြောင်း ပါ၊ ဒါကြောင့် အကျိုးနဲ့အကြောင်း ဆိုတာ အပြန်အလှန် သက်ရောက်မှု ရှိကြောင်း ဒီနေရာ ကနေ ဝေမျှလိုက်ပါရစေ ……
.......
ကိုဇော်
6 comments:
မြန်မာလူမျိုးတွေ တလွဲဆံပင်ကောင်းကြတာများတယ်လေ။
ဒါကြောင့် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ် ဖြစ်ကြရတာ ။
စည်းနဲ့ ကမ်းနဲ့  တန်ဘိုးရှိတဲ့ သူတွေဖြစ်အောင် အားလုံးက နေထိုင်ပြရမှာပေါ့ ။
သူများနိုင်ငံမှာ လူမျိုးခြားတွေကြားထဲ ဒီလို အထင်အမြင် အသေးခံရမဲ့ အပြုအမူတွေ ရှောင်သင့်တယ် နော်။
ခုတော့ ... ပြည်တွင်းလည်း ပြည်တွင်းမို့လို့ 
ပြည်ပရောက်တော့လည်း လွတ်လပ်လွန်းလို့  ပရမ်းပတာ တွေ ဖြစ်နေကြပြီ ။
ဆေးလိပ်သောက် ကွမ်းစား မူးယစ်ဆေးဝါး သုံးစွဲနေသရွေ့တော့ ဒီလို အဖြစ်မျိုးတွေ မကြာမကြာ ကြုံတွေ့ရဦးမယ်ထင်ပါတယ် ကိုဇော်ရေ။
ကွန်မွန်းဆင့်စ်လေးရှိရင် သိပ်ကောင်းမှာဘဲ။
ကမ္ဘာ့အလယ်မှာ မြန်မာတွေ မျက်နှာငယ်ကြရတဲ့ အကြောင်းထဲမှာ ဒါလဲ ပါတာပေါ့ဗျာ။
စိတ်မကောင်းစရာ ဖတ်ရတာ၊
အိမ်သစ်လေးနဲ့ တယ်လှပါလား ကိုဇော်
လူမျိုးတခုလုံးနဲ့ချီပြီး ဖျက်ဆီးခံလိုက်ရတာကိုးးးး
ရှက်လိုက်တာနော်.... မြန်မာတွေစည်းကမ်းမရှိဘူးလို့ သတ်မှတ်ခံရတာကို
Post a Comment